(၁၈-၁၁-၂၀၂၆)ရက်နေ့ နံနက် (၁ဝး၀၀)နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းပြောကြားသည့် အစီအစဉ်အား Vedio Conferencing စနစ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့် ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ ရေးရာကော်မတီဥက္ကဋ္ဌ (၇)ဦး၊ လွှတ်တော်ရုံးအကြီးအမှူး(၁)ဦး၊ စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။
