စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် (၂၃-၁၁-၂၀၂၆) ရက်နေ့တွင် စစ်ကိုင်းမြို့သို့ ရောက်ရှိပြီး ဒေသခံလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ လွှတ်တော်ရေးရာကိစ္စများဆွေးနွေးခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မူလတောင်မြို့ဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ကာ လှုဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးထံမှ သြဝါဒခံယူခဲ့ကြပါသည်။
