(၂၂-၁၁-၂၀၂၆)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့ဉယျာဉ်၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တန်ဆောင်တိုင် MSME ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံပျံလွှတ်တင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် MSME ထုတ်ကုန် ဆိုင်ခန်းများသို့ လှည့်လည်ကြည့်ရှုကာ သွားရောက်အားပေးခဲ့ပါသည်။
