တရားဥပဒေစိုးမိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသည်(၁၃-၁၁-၂၀၂၆) ရက်နေ့ နေ့လည် ၁၃း၂၀ နာရီ အချိန်တွင် ကော်မတီအစည်းအဝေးခန်း (၅)၌ တိုင်ကြားအသနားခံစာနှင့်ပတ်သက်၍ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် ကော်မတီဝင် (၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။
တရားဥပဒေစိုးမိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသည် "ဒေါငြိမ့်ငြိမ့်စံ" တင်ပြထားသော အရစ်ကျရောင်းချခဲ့သည့် ဝင်းမြေအား ငွေအကြေမချေဘဲ ဆောက်လုပ်ခြင်း၊ ကျန်ဝန်းများကိုလည်း အုတ်တံတိုင်းခတ်ခြင်းများ ပြုလုပ်ထားသည့်ကိစ္စနှင့်စပ်လျဉ်းပြီး ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို နေ့လည် ၁၃း၄၀ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
