Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
    • လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာများ
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • လွှတ်တော်ကိုယ်စားလှယ်များ၏ အဆောင်ယောင်ဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • အကြံပြုစာ
    • စာကြည့်တိုက်
ဆက်သွယ်ရန်

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ ကျင်းပ မုံရွာ၊ နိုဝင်ဘာ ၂

နိုဝင်ဘာ 02, 2026
သတင်းများ

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ပထမနေ့ကို  ယနေ့နံနက်၁၀နာရီတွင်မုံရွာမြို့ရှိစစ်ကိုင်းတိုင်ဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အမှာစကားပြောကြားပြီး ၂၀၁၃ခုနှစ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ၅(ဂ)နှင့်အညီတိုင်းဒေသကြီးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြည်း၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုးအစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်းက လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကိုဆောင်ရွက်ခဲ့ပြီးကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။
အစည်းအဝေးတွင်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်ကတတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ပထမနေ့သို့တက်ရောက်ခွင့်ရှိသည့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၈၄ဦးရှိသည့်အနက်ယနေ့အစည်းအဝေးသို့ ၇၀ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် လွှတ်တော်မှ သဘောတူ အတည်ပြုခဲ့သည့် ဦးစောရန်အောင်အား နိုင်ငံတော်သမ္မတရုံး၏ (၁၀.၁၀.၂၀၂၆)ရက်စွဲပါ ၊အမိန့်အမှတ် (၇၉/၂၀၂၆)ဖြင့် အတည်ပြု ခန့်အပ်ခဲ့ပြီးဖြစ်သည့်အတွက်ဦးစောရန်အောင်က ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊စည်ပင်သာယာရေးဝန်ကြီးအဖြစ် လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်မှပေးပို့လာသည့်စစ်ကိုင်းတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည်း၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုးအစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်း၏ အမည်စာရင်းအား လွှတ်တော်တွင်တင်ပြအတည်ပြုချက်ရယူရာလွှတ်တော် ကိုယ်စားလှယ်များက သဘောတူသည့်အတွက် လွှတိတော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက်လွှတ်တော်ဥက္ကဋ္ဌကဥပဒေအထောက်အကူပြုအဖွဲ့ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက  ဥပဒေအထောက်အကူပြုအဖွဲ့  ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဖတ်ကြားခဲ့သည်။
ထို့နောက်  လွှတ်တော်ဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ စုစုပေါင်း အမည်စာရင်း(၁၅)ဦးကိုလွှတ်တော်သို့ တင်ပြခဲ့ပြီးဆွေးနွေးလိုသောလွှတ်တော် ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံသို့နိုဝင်ဘာလ (၂)ရက်နေ့  ၁၆း၀၀နာရီ နောက်ဆုံးထားအမည်စာရင်း  တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်၊
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ ရပ်နားကြောင်း ကြေညာခဲ့ပါသည်။

IMG_20261102_151907_746.jpg
IMG_20261102_151907_638.jpg
IMG_20261102_151907_814.jpg
IMG_20261102_151908_553.jpg
IMG_20261102_151907_981.jpg
IMG_20261102_151907_588.jpg
IMG_20261102_151908_130.jpg
IMG_20261102_151907_693.jpg
IMG_20261102_151908_050.jpg
IMG_20261102_151908_125.jpg
IMG_20261102_151921_972.jpg
IMG_20261102_151922_333.jpg
IMG_20261102_151921_936.jpg
IMG_20261102_151921_501.jpg
IMG_20261102_151921_654.jpg
IMG_20261102_151921_768.jpg
IMG_20261102_151921_471.jpg
IMG_20261102_151921_773.jpg
IMG_20261102_151922_285.jpg
IMG_20261102_151921_569.jpg

လတ်တ‌လော သတင်းနှင့်လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ စစ်ကိုင်းမြို့ ဒေသခံလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မုံရွာ နိုဝင်ဘာ ၂၃

24 နိုဝင်ဘာ 2026

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တန်ဆောင် တိုင် MSME ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံပျံလွှတ်တင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် မုံရွာ နိုဝင်ဘာ ၂၂

22 နိုဝင်ဘာ 2026

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မုံရွာမြို့ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက် မုံရွာ နိုဝင်ဘာ ၂၁

22 နိုဝင်ဘာ 2026

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use