Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
    • လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာများ
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • လွှတ်တော်ကိုယ်စားလှယ်များ၏ အဆောင်ယောင်ဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • ဆက်သွယ်ရန်
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • အကြံပြုစာ
    • စာကြည့်တိုက်
ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအား တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးများမှ ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက် ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနားကျင်းပ မုံရွာ ဩဂုတ် ၁၄

သြဂုတ် 17, 2026
သတင်းများ

(၁၇-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးများမှ တာဝန်ရှိသူများက ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက်ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်းအား တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ကိုင်တွယ်ကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော် ကိုယ်စားလှယ်များမှ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဌာနကင်းကွာဝန်ထမ်းများ ပြန်လည်ခန့်ထားနိုင်ရေး အခြေအနေများ မေးမြန်းခြင်း၊ စစ်ကိုင်းခရိုင်တွင် မြေပေးအမိန့်များနှင့် ဂရန်ထုတ်ပေးနိုင်ခြင်း အခြေ အနေများနှင့်ပတ်သက်၍ မေးမြန်ခဲ့ရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးမှ ရဲတပ်ဖွဲ့မှူးရုံးဖွဲ့စည်းပုံ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ရှင်းလင်းတင်ပြခဲ့ပါသည်။  ဆက်လက်ပြီး တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးအား ပြန်လည်ပြုပြင် တည်ဆောက် ပေးနိုင်ရန် လျာထားချက်များအပေါ် မေးမြန်းကြရာ ဒုတိယရဲမှူးကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။
အခမ်းအနားကို (၁၆း၀၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use