(၁၇-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးများမှ တာဝန်ရှိသူများက ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက်ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်းအား တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ကိုင်တွယ်ကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော် ကိုယ်စားလှယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနကင်းကွာဝန်ထမ်းများ ပြန်လည်ခန့်ထားနိုင်ရေး အခြေအနေများ မေးမြန်းခြင်း၊ စစ်ကိုင်းခရိုင်တွင် မြေပေးအမိန့်များနှင့် ဂရန်ထုတ်ပေးနိုင်ခြင်း အခြေ အနေများနှင့်ပတ်သက်၍ မေးမြန်ခဲ့ရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးမှ ရဲတပ်ဖွဲ့မှူးရုံးဖွဲ့စည်းပုံ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးအား ပြန်လည်ပြုပြင် တည်ဆောက် ပေးနိုင်ရန် လျာထားချက်များအပေါ် မေးမြန်းကြရာ ဒုတိယရဲမှူးကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။
အခမ်းအနားကို (၁၆း၀၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။