စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့သည် တိုင်းရင်သား လူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အတူ (၁၂-၈-၂၀၂၆) ရက်နေ့ နံနက်(၁ဝး၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
