စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၁၀)ဦးတို့သည် (၁၁-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့ အစည်းများ၏ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြလာမှုနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၁၄း၄၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
