စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီသည် (၁၀-၈-၂၀၂၆)ရက်နေ့၊ (၁၄း၀၀) အချိန်တွင် ကော်မတီသို့ ပေးပို့လာသော တိုင်ကြားစာများနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာတင်ပြနိုင်ရေး အတွက် ကော်မတီ၏အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မတီဥက္ကဌ အပါအဝင် အဖွဲ့ဝင်(၉)ဦးတက်ရောက်ခဲ့ပြီး (၁၅း၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
