(၁၀-၈-၂၀၂၆)ရက်နေ့ (၁၁း၄၅)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ တတိယပုံမှန်အစည်အဝေး တတိယနေ့သို့ လာရောက်လေ့လာကြသည့် မုံရွာတက္ကသိုလ်မှ ဆရာမများ၊ ကျောင်သူများ တွေ့ဆုံပွဲ အခမ်အနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရုံးအကြီးအမှူး၊ မုံရွာတက္ကသိုလ်မှ ဆရာမများ၊ ကျောင်သူ(၂၀)ဦးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်၊ လွှတ်ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် လွှတ်တော်ရုံးအကြီးအမှူး တို့မှ လွှတ်တော်ဖွဲ့စည်းပုံ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စများ၊ လွှတ်တော်ဆိုင်ရာဗဟုသုတများ ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆရာမများ၊ ကျောင်သူများမှလည်း အဆို၊ မေးခွန်း မေးမြန်ခြင်း ဖြေကြားခြင်းများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းကြရာ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားကို (၁၂း၄၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
