စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၁၀)ဦးတို့သည် (၉-၈-၂၀၂၆)ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး ရေရာကော်မတီအစည်းအဝေးခန်းမ(၄)၌ ကော်မတီ၏တာဝန်များ၊ ၂၀၂၆-၂၀၂၇ခုနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ(RE)နှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါ သည်။
အစည်းအဝေးကို (၁၆း၄၅)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
