တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတတိယနေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့လွှတ်ေတာ်အဆောက်အအုံရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို ၇၈ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူပြီးဖွဲစည်းကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏ “လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ''အား ကော်မတီဥက္ကဌ ဘုတလင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်မင်းကျော်သူက လွှတ်တော်သို တင်သွင်းသည်။
ထိုနောက် လွှတ်တော်ဥက္ကဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏ "လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ"နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူညီသည့် အတွက်မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်ပြီး တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ပိုဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ "လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား ကော်မတီဥက္ကဌ မော်လိုက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန္ဒာသိန်းကလွှတ်တော်သို တင်သွင်းသည်။
ထို့နောက် လွှတ်တော်ဥက္ကဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ပိုဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ "လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူညီသည့်အတွက်မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး စတုတ္ထနေ့ကို ဩဂုတ်လ (၁၁)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
