ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီသည် (၈-၈-၂၀၂၆) ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကော်မတီအစည်းအဝေးခန်း (၁၁)၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ကျင်းပခဲ့ပါသည်။ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် စုစုပေါင်း(၈)ဦးတက်ရောက်ခဲ့ပါသည်။ ကော်မတီမှ စစ်ကိုင်းတိုင်းဒေသကြီး၏ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ကော်မတီမှ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ၊ ပညာရေးမြှင့်တင်မှု ကဏ္ဍများနှင့် ကျောင်းသား/သူများ ပညာရေးအဆင်ပြေစွာ သင်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အစည်းဝေးကို နေ့လည် (၁၂း၁၅)နာရီအချိန် ရုပ်သိမ်းခဲ့ပါသည်။
