စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ သည် (၇-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင် ဆောင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့ အစည်းများ၏ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြလာမှုနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး၊ တိုင်းဒေသကြီးမီးသတ် ဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်း ဒေသကြီးသတ္ထုတွင်းဦးစီးဌာန၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၁၅း၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
