မုံရွာ ဩဂုတ် ၅
(၅-၈-၂၀၂၆)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေရာကော်မတီ ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ရုံးအကြီးအမှူးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(MPU) အစည်းအဝေး အတွေ့အကြုံများကိုရှင်းလင်းခြင်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးမျိုးသန့်မှ အဆို၊ မေးခွန်းများတင်သွင်းမေးမြန်းရာ တွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခြင်း၊ ရုံးအကြီးအမှူးမှ ပြည်ထောင်စုလွှတ်တော်ရုံး၏ မှာကြားချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် တက် ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်အစည်းအဝေး ရပ်နားစဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည်များကို တင်ပြခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားကို (၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
