မုံရွာ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် (၃-၈-၂၀၂၆)ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လွှတ်တော်ရုံး ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးချေးငွေနှင့် စုငွေများ ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၁၂း၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
