(၂၆-၇-၂၀၂၆) ရက်နေ့ နံနက်(၁ဝး၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး
သဘင်ဆောင်၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၃၈၈ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ၊ ဦးမျိုးသန့်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူတည် ဆောက်ကြပြီး ဆရာတော်ကြီးများချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြ ပါသည်။ ထို့နောက် ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး ဆရာတော်ကြီများထံမှ အနုမောဒနာတရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကာ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
