စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီသည် (၁၉-၈-၂၀၂၆)ရက်နေ့၊ (၁၀း၀၀) အချိန်တွင် ကော်မတီသို ပေးပိုလာသော တိုင်ကြားစာများနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာတင်ပြနိုင်ရေး အတွက်ကော်မတီ၏အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိင်းအစည်းအဝေး (၁၀/၂၀၂၆)ကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မတီဥက္ကဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲဝင်(၈)ဦးတက်ရောက်ခဲ့ပြီး (၁၁း၀၀) အချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။