စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်သည် (၁၅-၈-၂၀၂၆)ရက်နေ့ (၀၈း၀၀)နာရီအချိန် မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာ စီးပွားရေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်အတူ မုံရွာမြို့ နန္ဒဝန်ရပ်ကွက် ဝန်ထမ်အိမ်ရာအဆောက်အဦများ တည်ဆောက်ရန် လျာထား သည့်မြေနေရာအား ကြည့်ရှု့ခဲ့ပါသည်။