(၁၃-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ အခမ်အနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးရုံးမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်ဒေသကြီးတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးမှ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ Power Point နှင့်တကွ ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ စေ့စပ်ဖြေရှင်းရေးစနစ် နှင့်စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းကြရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဉီးစီးရုံး တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီး (၁၅း၂၀) အချိန်တွင် အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။