စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် (၁၀)ဦး စုစုပေါင်း (၁၁)ဦးသည်(၂၅-၈-၂၀၂၆)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်မှစ၍ နေ့လည် (၁၄း၃၀)နာရီထိ ကော်မတီ အမှတ်၉ စီးပွား၊ကူးသန်း ကော်မတီ ခန်း၌ ရက် ၁၀၀ စီမံချက်အတွင်း မှတ်ပံုတင်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးပိုမိုကောက်ခံခြင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် အစီအရင်ခံစာတင်သွင်းခြင်းနှင့်ပတ်သက်သည့်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့်တိုင်းအာမခံမှ တာဝန်ရှိသူနှင့်လည်း တွေ့ဆုံ ခဲ့ကြပါသည်။