မုံရွာ ဩဂုတ် ၂၅
(၂၅-၈-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအာမခံလုပ်ငန်းတို့မှ ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များကို လာရောက် ရှင်းလင်းသည့် ဆွေးနွေးပွဲ အခမ်အနား ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တာဝန် ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးဝန်ထမ်း များ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ ကုမ္ပဏီမှတ်ပုံတင်ပြုလုပ်ခြင်းနှင့် ပတ်သက်၍ လိုအပ်သည်များ မေးမြန်းခြင်း၊ ဌာနအနေဖြင့် ဥပဒေအသစ်များ ရေးဆွဲရန် ရှိ/ မရှိနှင့်ပတ်သက်၍ မေးမြန်းကြရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး မြန်မာအာမခံလုပ်ငန်း တိုင်းဒေသကြီးတာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ Power Point နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီးတက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ မီးအားမခံ၊ မီးလောင်၍ ပျက်စီးဆုံးရှုံးသွားသော ဆုံးရှုံးမှုနှင့်ပတ်သက်၍ အားမခံပေးလျော်မှုအခြေအနေများ၊ သီနှံအာမခံလုပ်ငန်းရှိ/မရှိ၊ ဥပဒေရေးဆွဲထားခြင်း ရှိ/မရှိ၊ နိုင်ငံ့ဝန်ထမ်း အသက်အာမခံ(ကာလတို)၊ ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ၊ ဝေလံခေါင်ဖျားသော ဒေသများတွင် အာမခံလုပ်ငန်းအနေဖြင့်ဆောင်ရွက်မှုအခြေအနေများ၊ Online ပေးချေမှု ဆောင်ရွက်နေသည့် အခြေအနေ များနှင့်ပတ်သက်၍ မေးမြန်ကြရာ တိုင်းဒေသကြီးတာဝန်ခံမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အခမ်းအနားကို (၁၅း၃၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။