ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီသည်(22-8-2026) ရက်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ကော်မတီအစည်းအဝေးခန်း (၁၁)၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို ကျင်းပခဲ့ပါသည်။ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် ကော်မတီဝင် (၁၁)ဦးတက်ရောက်ခဲ့ပါသည်။ ကော်မတီမှ စစ်ကိုင်းတိုင်းဒေသကြီး၏ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ဥပဒေမူကြမ်းများရေးဆွဲနိုင်ရေး၊ လွှတ်တော်တွင် အစီရင်ခံစာနှင့် အဆိုများ တင်သွင်းနိုင်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို ၁၁:၃၅ မိနစ်အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။